Friday, September 23, 2011

လူအမျိုးမျိုး စိတ်အထွေထွေ ( Email မှ.... ၁)

BurmeseX ဆိုဒ်ကို အစဉ်အမြဲ အားပေးနေတဲ့ မန်ဘာတစ်ယောက်အနေနဲ့ အခုလို ဗြုန်းစားကြီး ပိတ်လိုက်တာကို ကြားသိရတဲ့အတွက် အထူးပင် စိတ်မကောင်းဖြစ်ရပါတယ်။
ဆိုဒ်တစ်ခုကို တင်မယ်ဆိုရင် ဆိုဒ်ကို ၀င်ရောက်အားပေးတဲ့ မန်ဘာများရဲ့ မျက်နှာကို ထောက်ထားပြီး ဆိုဒ်မတည်ထောင်ခင်ကတည်းက
ဆိုဒ်လည်ပတ်နိုင်ရေးအတွက် ငွေကြေးအင်အား မည်၍မည်မျှရှိသည် . . . တတ်နိုင်သည်ကို ကြိုတင် ထည့်သွင်းစဉ်းစားပြီးမှ ဆိုဒ်ကို ထောင်စေချင်ပါသည်။
အခုလို တစ်လကို $135 မတတ်နိုင်လို့ ဆိုဒ်ပိတ်လိုက်ရတယ်ဆိုတာ လွယ်လွယ်ကလေး ပြောပြီး ပိတ်လိုက်တယ်လို့ ဆိုရမယ်လိုဖြစ်နေပြီ . .
နောက်တစ်ခုက ၀င်ထားတဲ့ မန်ဘာများကိုလည်း စော်ကားရာရောက်ပါတယ်။ ထို့အတွက်ကြောင့် BurmeseX ဆိုဒ်ကိုတည်ထောင်သူအနေနဲ့ ပိုက်ဆံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆိုဒ်ကို ပြန်လည် လည်ပတ်ပေးစေချင်ပါတယ်။
အစကတည်းက ရေရှည်ပိုက်ဆံမတတ်နိုင်ရင် မထောင်နဲ့လေ။ ဒါကြောင့် မန်ဘာဝင်ထားတဲ့ သူတွေကိုယ်စား ကျေးဇူးပြုပြီး ဆိုဒ်ကို ပြန်လည်လည်ပတ်ပေးစေချင်ပါတယ်လို့ တောင်းဆိုအပ်ပါတယ်။

လေးစားစွာဖြင့် -
နန်းဝင်း(ဧရာဝတီ)
ဧရာဝတီတိုင်းဒေသကြီး
လပွတ္တာခရိုင်


****ပြောစရရှိရင် comment လေးထားခဲ့ပေးပါ။

4 comments:

  1. သူ့ ဖာသာသူ ထောင်ပြီး သူ့ ဖာသာ သူ ပိတ်ချင်ပိတ်မှာပေါ့ မကျေနပ်ရင် အပေါ်က လူတွေလို့ ထောက်ပံ့လေ။အခကျေးငွေပေးမှကြည့်ခွင့်ပြုထားတာလည်းမဟုတ်ဘူး အဲလို မဖြစ်စေချင်ရင် ကိုယ်တိုင်ဆိုဒ်ထောင် ၊ဒါမှမဟုတ် ကိုယ့်ဖာသာကိုယ်ရှာကြည့်ပေါ့ဗျာ.......ဆိုဒ်ကိုပဲ သူ ပြောတဲ့ပုံစံဆိုရင် အိမ်ပေါင်ပြီးပဲ အဲဒီလူအတွက် ဖွင့်ပေး၇တော့မလိုပဲ ကိုယ်ချင်းစာစိတ် ဒါမှမဟုတ်နည်းနည်းလောက် လေးဖြစ်ဖြစ်တော့ တွေးအုံးလေးဗျာ...

    ReplyDelete
  2. ဟုတ်သားပဲ သူဘာသာဖွင့်ချင် ဖွင့်မှာပေါ့
    ပိတ်ချင် ပိတ်မှာပေါ့ အလားကားကြည့်ရတာ
    စောတက တက်နေတယ်....

    ReplyDelete
  3. တခုတော့မှားနေပါတယ်သေချာလေ့လာပြီးမှ့ပြောစေချင်တယ်တနှစ်ကို10ဒေါ်လာစိုတာဘယ်လိုဆိုဒ်မျိုးလဲအရင်လေ့လာပါ မသိပဲတော့ရန်းမဝေဖန်ပါနဲ့ ချက်ကြီးလို့ဖရီးဆိုဒ်တွေလဲ၇ှိတယ် ဆိုဒ်အမျိုးစားပေါ်မှာလိုက်ပြီးဈေးပေးရတာတော့သိစေချင်တယ် ဧည်ဒင်ဦးယဉ်တို့ဘောလုံးချစ်သူများ စိုတလကိုဒေါ်လာ300ရာရှိပါတယ်ဒေါ်လာ100ရာအစားတွေလဲရှိပါတယ်တလကိုနော် တနှစ်ကို10ဒေါ်လာစိုတာ ညီနေမင်းလို့ စိုင်းနက္ခတို့လိုဆိုဒ်တွေပါ သေချာမသိရင်မဝေဖန်ပါနဲ့ ဆိုဒ်ပြန်လည်ပတ်နှိင်ဖို့ကျွန်တော်လဲကူညီပေးချင်ပါတယ်

    ReplyDelete
  4. ဘီလူးကို.....
    အမြန်ပြန်ဖွင့်နိုင်အောင်ဝိုင်းဝန်းကူညီကြပါဗျိုး....

    ReplyDelete