Friday, December 14, 2012

Good Bye from Blue_Prince

Hello to all, I really sorry to say good bye. I really do. I have no time to take care of BurmeseX. If some one want to continue to do this, please shoot email to burmesex.com@gmail.com. (or) Rent server at "bluemilecloud.com" and let me know. I will spent some time to take care server. Please make sure do not ask that where to donate money. I never been accepted. Thank you all of my members....................
regards,
Blue_Prince

Saturday, September 24, 2011

Burmese X ကိုပြန်ဖွင့်ဖို့............

Burmese X ကိုပြန်ဖွင့်ဖို့ Zooker က Request လုပ်ထားပါတယ်။ လစဉ်ကုန်ကြ ငွေကိုလည်းထောက်ပန့်ပါမယ်တဲ့။ အခုလောလောဆယ်တော့ Blue_Prince ရယ် Zooker ရယ်က အကုန်အကြကို မျှခံပါမယ်။ အားလုံးလည်း တတ်နိုင်သလောက် ၀ိုင်းဝန်းထောက်ပန့် သင့်တယ်လို့ထင်ပါတယ်။ ဆိုဒ်ပြန်လည်ဖွင့်နိုင်တဲ့ နေ့ကို ကြေညာပေးပါမယ်။ ဘယ်အရာမဆို ပူးပေါင်းလုပ်ဆောင်မှုမရှိရင် ကျဆုံးသွားတာပါဘဲ။ ၀ိုင်းဝန်းကူညီဖို့ဖိတ်ခေါ်ပါတယ်။ အကူအညီပေးချင်တယ်ဆိုရင် ...... Comment မှာရေးခဲ့ပါ။ ဒါမှမဟုတ် burmesex.com@gmail.com ကို မေးလ်ပို့နိုင်ပါတယ်။ Blue_Prince

Friday, September 23, 2011

လူအမျိုးမျိုး စိတ်အထွေထွေ ( Email မှ.... ၁)

BurmeseX ဆိုဒ်ကို အစဉ်အမြဲ အားပေးနေတဲ့ မန်ဘာတစ်ယောက်အနေနဲ့ အခုလို ဗြုန်းစားကြီး ပိတ်လိုက်တာကို ကြားသိရတဲ့အတွက် အထူးပင် စိတ်မကောင်းဖြစ်ရပါတယ်။
ဆိုဒ်တစ်ခုကို တင်မယ်ဆိုရင် ဆိုဒ်ကို ၀င်ရောက်အားပေးတဲ့ မန်ဘာများရဲ့ မျက်နှာကို ထောက်ထားပြီး ဆိုဒ်မတည်ထောင်ခင်ကတည်းက
ဆိုဒ်လည်ပတ်နိုင်ရေးအတွက် ငွေကြေးအင်အား မည်၍မည်မျှရှိသည် . . . တတ်နိုင်သည်ကို ကြိုတင် ထည့်သွင်းစဉ်းစားပြီးမှ ဆိုဒ်ကို ထောင်စေချင်ပါသည်။
အခုလို တစ်လကို $135 မတတ်နိုင်လို့ ဆိုဒ်ပိတ်လိုက်ရတယ်ဆိုတာ လွယ်လွယ်ကလေး ပြောပြီး ပိတ်လိုက်တယ်လို့ ဆိုရမယ်လိုဖြစ်နေပြီ . .
နောက်တစ်ခုက ၀င်ထားတဲ့ မန်ဘာများကိုလည်း စော်ကားရာရောက်ပါတယ်။ ထို့အတွက်ကြောင့် BurmeseX ဆိုဒ်ကိုတည်ထောင်သူအနေနဲ့ ပိုက်ဆံရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆိုဒ်ကို ပြန်လည် လည်ပတ်ပေးစေချင်ပါတယ်။
အစကတည်းက ရေရှည်ပိုက်ဆံမတတ်နိုင်ရင် မထောင်နဲ့လေ။ ဒါကြောင့် မန်ဘာဝင်ထားတဲ့ သူတွေကိုယ်စား ကျေးဇူးပြုပြီး ဆိုဒ်ကို ပြန်လည်လည်ပတ်ပေးစေချင်ပါတယ်လို့ တောင်းဆိုအပ်ပါတယ်။

လေးစားစွာဖြင့် -
နန်းဝင်း(ဧရာဝတီ)
ဧရာဝတီတိုင်းဒေသကြီး
လပွတ္တာခရိုင်


****ပြောစရရှိရင် comment လေးထားခဲ့ပေးပါ။

မေးလို့ ဖြေပါသည်။ - ၁

မေး -------- ဘာပဲပြောပြောဗျာ အကို့ဆိုဒ်ပိတ်လိုက်တာ စိတ်တော့မကောင်းတာ အမှန်ပါပဲ ဒါပေမဲ့ ကျွန်တော်မရှင်းတာလေး တစ်ခုမေးခွင့်ပြုပါလားဗျာ
အမှားဖြစ်သွားရင်လဲ ခွင့်လွှတ်ပေါ့နော်... တစ်လကို ဒေါ်လာ 135 ဆိုတာက ဘာလဲအကို အကို့ ဆိုဒ်အတွက် Hosting ကြေးလား....
ကျွန်တော် သိသလောက်လေး ပြောခွင့်ပြုပါနော်.. မှားရင် ခွင့်လွှတ်ပါ.. ဆိုဒ်တစ်ခုက အကိုရယ် ဒိုမိန်းကလဲ တစ်ခါဝယ်ထားရင် တစ်နှစ်အတွက် 10 ဒေါ်လာဆိုရပါတယ်
နောက်ပြီး Hosting ဆိုတာကလဲ တစ်လကို ဒေါ်လာ 10 လေးပေးရင် အရမ်းကို ပြည့်စုံတဲ့ ဟို့စ်တင် ဆားဗစ်ကိုရပါတယ်..
ကျွန်တော် ဘာကို နားမလည် ဖြစ်နေတယ်ဆိုတာ လေး ရှင်းပြ ပေးပါဗျာ ကျွန်တော်သိလို့ပြောတာလဲမဟုတ်ပါဘူး အမှန်အတိုင်းဝန်ခံရင် တတ်လဲမတတ်ပါဘူး
ဒီလိုပဲ လိုင်းပေါ်မှာ လှည့်သွားနေရင်း တွေ့မိတာလေးတွေကို ပြောတာပါ ညီပြောတာ မှားနေရင် တောင်းပန်ပါတယ် နော်... .......
လေးစားခင်မင်လျှက်


(Ped)

====================================================

ဖြေ-----

မေးနေလို့ ဖြေပါရစေ။

Burmese X ဟာ ဘယ် Hosting မှာမှ Run လို့မရတဲ့ အတွက် Dedicated Server တစ်လုံး လုံးကို ငှားပြီးသုံးရပါတယ်။ အဲဒါကြောင့် ကုန်ကြစရိတ် အလွန်များပါတယ်။
ဟုတ်ပါတယ်... Domain name က တစ်နှစ်မှ $10 ပါ။
ကျွန်တော့်ရဲ့ Bad Experience လေးကို Share ပါဦးမယ်.....

လွန်ခဲ့တဲ့ ၃နှစ်ကြော်ကြော်လာက်က Share Hosting မှာ စမ်းဘူးပါတယ်။ Hosting Company အပြောကတော့ Everything Unlimited ပါဘဲ။ ဒါပေမယ့် သူတို့ရဲ့ Acceptable Use Policy ၊
Terms of Service ၊ Privacy Policy သေသေချာချာဖတ်ကြည့်ပါ။ Server Resources(CPU Resources, Memory Resources, etc;..) ကိုအရမ်းသုံးရင် အကောင့်ကိုဖျက်မယ်။ တချို့ဆို Movie တွေ Host ရင်အကောင့်ကိုဖျက်မယ် စသည်ဖြင့်ပေါ့။
Blue_Prince Hosting Company နှစ်ခုနဲ့ ပိုက်ဆံနှစ်ခါ ဆုံးပြီးပါပြီ။ မှတ်မှတ်ရရ arvixe.com မှာ $ 264 တစ်ခါ။ နောက်တစ်ခုကတော့ မမှတ်မိတော့ပါဘူး $120 လောက် ဆုံးသွားတာပဲမှတ်မိတော့တယ်။
နောက်ပြီး Burmese X ကို Rum ဖို့ Server Requirement က အရမ်းများပါတယ်။ ဘယ် Hosting Company မှာမှ Perfect မဖြစ်ပါဘူး။ အောက်က server requirement ကိုကြည့်ပါ။


-safe_mode off
-open_basedir off
-max_execution_time 7200
- max_input_time 7200
-memory_limit (with 1MB more then the maximum video upload size)
- post_max_size (maximum video upload size)
- upload_max_size (maximum video upload size)
- exec() should be allowed


- PHP CLI 5.x (see above + register_argc_argv ON)
-Mencoder 1.0rc1 or better (support for jpeg, gif, png, freetype, h264, lame, xvid, mad, win32codecs, dv, 3gp, mp4, theora)
-Mplayer 1.0rc1 or better
-FFmpeg (from SVN) (support for jpeg, gif, png, freetype, h264, lame, xvid, mad, win32codecs, dv, 3gp, mp4, theora)
-Flvtool2 or Yamdi (yamdi recommended)
-MediaInfo


Extra Requirements for HD (H.264) Video Conversion

-x264 Library for Mencoder
-GPAC MP4Box
-neroAacEnc
-Additional codecs required for some rare video formats (http://www.sklav.com/?q=node/2)
ဒါ့ကြောင့် Dedicated Server ကိုငှားသုံးရပါတယ်။
၃နှစ်လုံးလုံး တစ်လကို ပျမ်းမျှ $135 ဆိုရင်... $4800 ကျော်လောက် Blue_Prince ဖြုန်းခဲ့ပြီးပါပြီ။ နောက်ကနေ လိုက်ပြီး ငွေရေးကြေးရေးအကူအညီရော ၊ တစ်ခြားအကူအညီအညီရော ရနိုင်တယ်ထင်တယ်ဆိုပါတော့။ ဒါပေမယ့်
ကျေးဇူးတင်ပါတယ် တစ်လှေကြီးနဲ့ Blue_Prince တွက်ကိန်းမှားပါတယ်။ ပြီးတော့ မကြာမကြာလဲ ဘာအကူအညီမှမပေးတဲ့ ငနဲတွေ Email နဲ့ လှမ်းဆဲတာလဲ ခံရပါတယ်။


နောက်ဆုံးပြောချင်တာကတော့ဗျာ.... ဘယ်အရာမဆို ပူးပေါင်းလုပ်ဆောင်မှုမရှိရင် ကျဆုံးသွားတာပါဘဲ။
ကျွန်တော့ အနေနဲ့ကတော့ အဆဲခံရ လွတ်သွားလို့..... အား........ ပါး....... လွတ်လပ်ပေါ့ပါးလို့ဗျာ......


မေးပေးတဲ့ ကိုPed ကို ကျေးဇူးပါ။

****ပြောစရရှိရင် comment လေးထားခဲ့ပေးပါ။

Wednesday, September 21, 2011

Good bye......

BurmeseX ဆိုဒ်ကို ပိတ်လိုက်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့......

၁။ တစ်လ $135 မတတ်နိုင်လို့။
၂။ အချိန်မပေးနိုင်တော့လို့ဗျာ။
အကြံပေးချင်ရင်တော့ Comment မှာရေးခဲ့ပါ။
ဒါမှမဟုတ် burmesex.com@gmail.com ကို မေးလ်ပို့နိုင်ပါတယ်။
Good bye......

Blue_prince